Definition List

Monday, January 20, 2014

On Monday, January 20, 2014 by Unknown in    No comments
 

ကျွန်တော် ဒီနေ့  Google Play Store က App တွေကို Google Chrome နဲ့ ဒေါင်းယူနည်းလေး ပြောပြပေးပါမယ်။

ကွန်ပျူတာ အသုံးများတဲ့သူတွေဆိုရင် ဖုန်းကို အသုံးပြုပြီး ကိုယ်သိချင်တာ လိုချင်တာ ရှာရတာ နည်းနည်းခက်ပါတယ်။

ဒီနည်းလေးကတော့ Google Chrome ကို Add On လေးတစ်ခု ထည့်ပြီး Play Store က App တွေကို ဒေါင်းယူတာပါ။


အဲဒီတော့ သင့်မှာ Google Chrome ရှိဖို့ လိုအပ်ပါတယ်။ မရှိသေးဘူးဆိုရင်တော့ ဒီနေရာလေးကို သွားပြီး ဒေါင်းပါ။

ကဲ ပထမဦးဆုံး APK Downloader1.4.3 Add On လေးကို ဒီနေရာလေးမှာ ဒေါင်းယူလိုက်ပါ။ ပြီးရင် Chrome ကိုဖွင့်ပါ။

ညာဘက်အပေါ်ဆုံးက Customize and Control ခလုတ်ကို ကလစ်ပြီး Tools >> Extensions ကို နှိပ်သွားလိုက်ပါ။



ပြီးရင် ဒေါင်းထားတဲ့ APK Downloader1.4.3 ကို Extensions ထဲကို ဆွဲထည့်ပြီး Add ။ ပြီးရင် Options ကိုထပ်နှိပ်ပါ။



Options မှာ သင့် Email , Password နဲ့ Android Device ID ကို ဖြည့်ပြီး Login ဝင်လိုက်ပါ။ ကိုယ့်ဖုန်းရဲ့ Device ID ကို

အလွယ်သိချင်ရင် ဒီနေရာလေးမှာ Apk လေး ဒေါင်းယူလိုက်ပါ။ ပြီးရင် သင့်ဖုန်းမှာ Install လုပ်ပြီး ဖွင့်ကြည့်လိုက်ပေါ့။


Device ID App Screenshot



ကဲ အပေါ်က အဆင့်တွေ အားလုံး လုပ်ပြီးသွားပြီဆိုရင် Google Play Store ကို သွားပြီး ကိုယ်လိုချင်တဲ့ App လေးတွေ

ရှာပြီး ဖွင့်လိုက်ပါ။ ဒေါင်းယူမယ်ဆိုရင် Navigation Toolbar က အောက်မှာ မြားထိုးပြထားတဲ့ ပုံလေးကို နှိပ်လိုက်ပါ။



အောက်မှာ အနော် SWF Player လေးကို ဒေါင်းကြည့်ထားတာပါ။ ပုံအကြီးကြည့်ချင်ရင် ပုံကို ထပ်နှိပ်ကြည့်လိုက်ပါ။

အပေါ်ဘက်မှာ မြားထိုးပြထားတာက အဲဒီစာမျက်နှာက Apk ကို ဒေါင်းတာပါ။ အောက်ဘက်ကတော့ ဒေါင်းနေတာပေါ့။



ဒီနည်းလေးကို အနော်စမ်းသပ်ပြီး အဆင်ပြေလို့ ပြန်ရှယ်ပေးလိုက်တာပါ။ သူငယ်ချင်းတို့ အဆင်ပြေတယ်ဆိုရင်
သီချင်းကြိုက်တဲ.သူငယ်ချင်းတွေဒီကိုလာလည်နိုင်ပါတယ်
post by:thu rain lin
ဒီပို့စ်ကို ရေးရကျိုးနပ်ပါပြီ။

0 comments:

Post a Comment

အဆင်မပြေမူတွေ ရှိခဲ့လျင် comment ရေးထားခဲ့ပါ..