Definition List

Friday, January 31, 2014

On Friday, January 31, 2014 by Unknown in    No comments

ကျွန်တော်တို့နိုင်ငံဟာ ဒီနှစ်တွေထဲမှာ နည်းပညာနဲ့ နည်းနည်းထိတွေ့ခွင့်ရလာတာနဲ့အမျှ လူတော်တော်များများလက်ထဲမှာ Mobile Phone တစ်လုံးစီရှိနေကြပါတယ်.. ဘောစိတွေက iPhone နဲ့ အခြား အမြင့်ဖုန်းတွေကို ကိုင်နေကြသလို ဘောမစိတဲ့ ကျွန်တော်တို့လိုလူတွေကတော့ Android သုံးထားတဲ့ Mobile, Tablet လေးတွေကို မနည်း လက်လှမ်းမီအောင်လိုက်ကိုင်နေကြရပါတယ်.. ဒီတော့ Android ကိုင်ထားရင် Root လုပ်ဖို့စဉ်းစားကြတော့တာပါပဲ.. ဘာကြောင့် Root လုပ်ကြတာလဲ.. ဖုန်းရဲ့ Admin နေရာကို လုဖို့လုပ်ကြတာပါ.. ဒါမှ ကိုယ်ထည့်ချင်တဲ့ App တွေထည့်လို့ရမယ်.. ကိုယ်စီမံတာ ကိုယ့်ဖုန်းလေးက နာခံအောင်ပေါ့..
Root လုပ်တာနဲ့ပတ်သက်လို့ သိပ်ခက်ခက်ခဲခဲကြီးလုပ်ကြရသလို လွယ်လွယ်ကူကူလည်း လုပ်ကြရပါတယ်..
ကျွန်တော် အကြံပေးချင်တာကတော့ Error ကင်းကင်းနဲ့ Root လုပ်ဖို့အတွက် ရိုးရိုးလေး အရင်စဉ်းစားပါ.. Root လုပ်တယ်ဆိုရင် CWM သွင်းဖို့ အရင်စဉ်းစားတယ်.. Custom ROM သွင်းဖို့စဉ်းစားတယ်.. တကယ်တော့ဒီလိုလုပ်တာဟာ သိပ်ကို အန္တရာယ်ကြီးတယ်ဆိုတာကိုလည်း သိပြီးသားဖြစ်မှာပါ.. ကျွမ်းကျင်သူတွေသာ လုပ်ကြတာလေ..
ကဲ.. ရိုးရိုးလေး စဉ်းစားရအောင်

1. ပထမဆုံး ကွန်ပျူတာတွေနဲ့ လုပ်ရတဲ့ဟာတွေကို အရင် မစဉ်းစားပါနဲ့.. Root လုပ်လို့ရတဲ့ apk တွေရှိပါတယ်.. အဲဒီကောင်လေးတွေက သာမန် app တွေ Install လုပ်သလို လုပ်သွားရင်း Root ပေါက်သွားတာများပါတယ်.. ကိုယ့်ဖုန်းမှာ Unknown Source ကို အမှန်ခြစ်ထားဖို့လိုပါမယ်..
Root လုပ်လို့ရတဲ့ apk တွေကို ဒီမှာ စုပြီးတင်ထားတယ်.. အဲဒါတွေအပြင် Root လုပ်နိုင်တဲ့ အခြား apk တွေနည်း ရှိပါသေးတယ်.. စုထားသင့်ပါတယ်..
2. apk နဲ့ Root လို့မရတော့မှ ကွန်ပျူတာမှာသုံးတဲ့ Software နဲ့ ဒုတိယအဆင့် ကြိုးစားသင့်ပါတယ်..
Root လုပ်နိုင်တဲ့ Tool တွေကို ကွန်ပျူတာမှာ ထည့်ထားပါ.. မိမိရဲ့ ဖုန်းမှာ USB Debugging ကို On ထားဖို့လိုပါမယ်.. ဖုန်းကို ကွန်ပျူတာကသိဖို့ သက်ဆိုင်ရာ Driver သွင်းထားရပါမယ်..
ဖုန်းနဲ့ ကွန်ပျူတာချိတ်ပြီးရင် ကိုယ့်ဖုန်းကို ကွန်ပျူတာက သိပြီလားဆိုတာ အရင်စစ်ဆေးရပါမယ်.. ဖုန်းကို ကွန်ပျူတာက မသိဘဲ Root လို့မရပါဘူး..
Driver ကို ဒီမှာ ဒေါင်းပါ..

Rooot Tools အချို့ကို အောက်မှာ ဒေါင်းနိုင်ပါတယ်..


 ကဲ. ဒီနည်းနဲ့ Root လုပ်လို့ ဘယ်လိုမှ မရတော့ဘူးဆိုမှ CWM သွင်းတဲ့နည်း၊ Custom ROM သွင်းနဲ့နည်းတွေနဲ့ Root လုပ်ကြဖို့ အကြံပေးတိုက်တွန်းလိုပါတယ်..

Root လုပ်နည်း အပြည့်အစုံတွေကို ဒီမှာ ကြည့်နိုင်ပါတယ်..

မိတ်ဆွေများရဲ့ ဖုန်းတွေ အန္တရာယ်ကင်းကင်း ၊ Error ကင်းကင်းနဲ့ အဆင်ပြေ ချောမွေ့ပါစေ..

မောင်ပေါက်

0 comments:

Post a Comment

အဆင်မပြေမူတွေ ရှိခဲ့လျင် comment ရေးထားခဲ့ပါ..