Definition List

Friday, January 10, 2014

On Friday, January 10, 2014 by Unknown in    No comments






(၁) ခလုတ်များကို အလျင်စလို နှိပ်မကြည့်မိပါစေနဲ့.။ ခလုတ်တွေကို နှိပ်ကြည့်ခြင်းဟာ ရေတွေကို ဖုန်းအတွင်းထဲပိုဝင်သွားအောင် ဖိသွင်းလိုက်သလို ဖြစ်သွားလိမ့်မယ်.။

(၂) ဘက်ထရီကို ချက်ချင်းဖြုတ်ပါ.။ ဖုန်းအတွင်း ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်အောင်ဖြစ်ပါတယ်.။

(၃) SIM ကတ်ဒ်နဲ့ အခြား SD ကတ်တွေ တပ်ထားတာရှိရင် ဖြုတ်ပစ်ပါ.။

(၄) ဖုန်းရဲ့ အပြင်ဘက်ကိုရော နားကြပ်ပေါက်၊ USB ပေါက်အတွင်းတွေကိုပါ ရေစင်အောင် သေသေချာချာသုတ်ပေးပါ.။

(၅) အတွင်းဘက်က ရေငွေ့တွေ စင်သွားဖို့အတွက် ဆန်အိုး(သို့) ဆန်ထည့်ထားတဲ့ ပလတ်စတစ်ဗူးထဲကို ထည့်ပြီး အလုံပိတ်ထားပေးပါ.။ ရေငွေ့စုတ်တဲ့ Silica Jel အထုတ်ကလေးတွေ နဲ့ အတူတူပိတ်ထားလဲ ရပါတယ်.။

(၆) ၂၄ နာရီ မှ ၄၈ နာရီ လောက်အထိကြာအောင် ထားပြီးရင် ထုတ်ယူပြီး သန့်ရှင်းရေးလုပ်ပြီး ဘက်ထရီ ပြန်တပ်ကြည့်ပါ.။ တော်ရုံတန်ရုံ ရေစိုတာလောက်ကတော့ ဒီလောက်ဆို ပြန်ကောင်းသွားလောက်ပါပြီ.။ အရမ်းဆိုးတာမျိုးဆိုရင်တော့ ဒီအဆင့်ထိ လုပ်ပြီးသွားတဲ့အတွက် Service ဆိုင်ကို ပို့ရရင်တောင် ပြန်ကောင်းဖို့ များသွားပါပြီ

                                credit;  Hardware Zone
                              http://www.zealot-mko.com
                         

0 comments:

Post a Comment

အဆင်မပြေမူတွေ ရှိခဲ့လျင် comment ရေးထားခဲ့ပါ..