Sunday, January 12, 2014
On Sunday, January 12, 2014 by Unknown in နည်းပညာ No comments

အခုဆိုရင် ကျွန်တော်တို့ဆီမှာ ဖုန်းကဒ်တွေလည်း ဈေးက နည်းနည်းချင်းစီကျလာပြီဆိုတော့ နောက်ပိုင်းမှာ ဖုန်းကဒ် ဈေးထက် ဟန်းဆက် ဈေးက ပိုပြီးတော့ မြင့်လာတဲ့အနေအထားဖြစ်လာပါပြီ ... နောက်ကျရင် ဖုန်းကဒ်ပျက်သွားရင် အသစ်ဝယ်ပြီးသုံးလိုက်ဖို့ မခက်ပေမယ့် ဈေးကြီးကြီး ဟန်းဆက်ကိုင်ထားသူများ အတွက်ကတော့ ပျက်သွားရင် လွှင့်ပစ်လို့လည်းမရ.. ဆက်သုံးတော့လည်း ဘက်ထရီ က အထားမခံတော့ ယူသွားရလောက်အောင် အဆင်မပြေပြန်ဘူး.. ဘက်ထရီ ကလည်းကောင်းပါတယ် .. ဒါပေမယ့် မသုံးသင့်တာ တွေ ပိတ်မထားပဲ နေမိတာတွေ ဖြစ်ခဲ့ရင်လည်း ဘက်ထရီက မခံပြန်ဘူး ... ဘက်ထရီ အားကို သတိထားချွေတာသုံးရမယ့်နေရာမှာ အဲ့ဒီ့လိုမျိုး ပြဿနာလေးတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်လိုက်ပါတယ် ... ပုံတွေမှာတော့ Andriod နဲ့ပြထားပေမယ့် Phone Battery တော်တော်များများက lithium-ion battery နဲ့ပဲ လုပ်ထားတာမို့ iDevice များအတွက်လည်း အခြေခံအားဖြင့် တူပါတယ် ..
၁။ Brighitness ကိုလျှော့ချထားပါ ..
ဖုန်းမှာ ထားတဲ့ အလင်းရောင်ဟာ လိုတာထက်ပိုနေခဲ့ရင် ဘက်ထရီကိုပိုပြီးတော့ ကုန်စေပါတယ် ... ဒါလုပ်တာကလည်း အလွယ်ဆုံးနဲ့ အကောင်းဆုံးသော လျော့ချခြင်းပါပဲ ... သွားရမယ့်လမ်းကတော့ ..
Settings Icon –> Display settings and Brightness Level.
အဲ့ဒီကို ရောက်ပြီဆိုရင် ကိုယ်လိုသလောက်ပဲ ညှိပြီးတော့ ထားလိုက်ပါ ...
၂။ Vibrate Feature ကို ဖြစ်နိုင်ရင် ပိတ်ထားပါ ..
Vibrate လုပ်ထားတာကလည်း Phone ရဲ့ Battery ကို စားပါတယ် ... Vibrate မှာ Feature ၄ ခုပါပါတယ် ...
လိုအပ်တဲ့ အချိန်မှ သာသုံးပါ ...
- Always
- Never
- Only in Silent mode
- Only when not in Silent mode
၃။ သုံးပြီးသော App များကို ပိတ်လိုက်ပါ ..
မှတ်ချက်။ ။ Save ပြီး လုပ်ရတဲ့ App တွေ ၊ ကစားရတဲ့ ဂိမ်းတွေဆိုရင်တော့ သေချာသိမ်းပါခင်ဗျာ ...
၎။ GPS , Wifi နဲ့ Bluetooth တွေကို မလိုအပ်ပါက ပိတ်ထားပါ ..
၅။ ဖြစ်နိုင်ရင် 2G ကိုသာသုံးပါ ..
နောက်ပိုင်းမှာ ပေါ်လာတာတွေက 3G , 3.5G နဲ့ 4G စသဖြင့် ရှိလာပါတယ် ... သူက မြင့်လာတာနဲ့ အမျှ ဘက်ထရီ အသုံးပြုမှု ကလည်းများလာပါတယ် .. ဒါကြောင့် လိုအပ်မှသာ စောစောက ပြောတဲ့ G တွေကို သုံးပါခင်ဗျာ ... ဖုန်းအတွက်သာ အသုံးပြုမယ့် အချိန် ၊ အင်တာနက်မသုံးဖြစ်တဲ့ အချိန် မျိုးပေါ့ ... 2G ပြောင်းပုံကတော့ ပုံမှာ ပြထားသလို သုံးလို့ရသလို ၊ App တွေလည်း ရှိပါတယ် ... ဥပမာ 2G-3G OnOff ဆိုတဲ့ app လိုမျိုးပါ ....
၆။ Animated Wallpaper တွေကို မသုံးပါနဲ့ ...
အဲ့ဒီ့ wallpaper တွေက နောက်က effect တွေ လှုပ်ရှားဖို့ အတွက်လည်း ဖုန်းရဲ့ ဘက်ထရီ ကို နည်းနည်းပေးရပါတယ် .. ဒါကြောင့် သိပ်ပြီးတော့ လှဖို့ မလိုဘူးဆိုရင် ၊ ဖုန်းအားအလွယ်တကူ သွင်းလို့ ရမယ့် နေရာမဟုတ်ဘူးဆိုရင်တော့ မသုံးသင့်ပါဘူး :) ....
၇။ ပူတဲ့နေရာတွေကို အထူးသဖြင့်ရှောင်ပါ ..
lithium-ion ဘက်ထရီတွေအတွက် အပူချိန်ပြင်းပြင်းရှိတဲ့နေရာတွေက ဘက်ထရီရဲ့ ခံနိုင်ရည်အားကို ကျစေပါတယ် ... အခန်းရဲ့ အပူချိန် ၃၂ ဒီဂရီ ဖာရင်ဟိုက် ရှိတဲ့ နေရာမျိုးမှာဆိုရင် ၁ နှစ်ကို ဘက်ထရီရဲ့ စွမ်းဆောင်ရည်နှုန်း ၆ ရာခိုင်နှုန်းကျစေပါတယ် .... ၇၇ ဒီဂရီ ဖာရင်ဟိုက်မှာဆိုရင် ဘက်ထီရဲ့ စွမ်းဆောင်ရည်နှုန်း ၂၀ ရာခိုင်နှုန်းအထိတောင်မှ ကျနိုင်ပါတယ် ... ဒါကြောင့် အပူချိန် များတဲ့နေရာကို ရှောင်ပါ ...
၈။ ဘက်ထရီကို အားကုန်တဲ့အထိ မသုံးပါနဲ့ ...
ဖုန်းတွေမှာ ဘက်ထရီ ကုန်တော့မယ်ဆိုရင် ပုံမှာ ပြတဲ့ Alert ကလေးပေါ်လာပါတယ် .... ဖြစ်နိုင်ရင် အဲ့ဒီ့ လို Alert ပေါ်လာအောင်သုံးတာ တစ်လ ကို တစ်ခါသာလျှင်သုံးသင့်ပါတယ် ...တစ်လကို တစ်ခါထက်ပိုပြီး သုံးမယ်ဆိုရင်တော့ ဘက်ထရီ Drain ဖြစ်တာ ပိုမြန်ပါတယ် .. ဘက်ထရီကို အားဖြည့်နည်း ၂ မျိုးရှိပါတယ် ... တစ်ခုက Full circle charge နဲ့ Normal circle charge ဖြစ်ပါတယ် .. Full circle charge ဆိုတာကတော့ ဘက်ထရီ မှာ အဲ့ဒီ့လိုမျိုး Alert ကလေးပေါ်လာပြီး ဆက်သုံးလိုက်ပါ .. ဥပမာ ၁၅ ရာခိုင်နှုန်းမှာ ပေါ်လာတယ်ဆိုရင် ကျွန်တော်တို့က ၁၀ ရာခိုင်နှုန်းလောက်ထိပဲ ကျန်အောင် သုံးလိုက်တာပါ ... အဲ့ဒီ့ ၁၀ ရာခိုင်နှုန်းကနေပြီးတော့ အားပြည့်တဲ့ အထိ ဖြည့်မယ်ဆိုရင် အဲ့ဒါ Full circle charge ပါ .. အဲ့ဒီ့ Full circle charge ကို ၁ လကို အများဆုံး ၁ ကြိမ်သာလျှင်ပြုလုပ်သင့်ပါတယ် ... Normal circle charge ဆိုတာကတော့ အဲ့လိုမျိုး Alert မပေးခင်မှာ အားဖြည့်ပေးတာပါ ... အဲ့ဒါကတော့ ပုံမှန်လုပ်လည်း ဘာမှ မဖြစ်ပါဘူး .... ၀ ရာခိုင်နှုန်းထိကျန်အောင်တော့ မသုံးမိဖို့ အကြံပေးလိုပါတယ် .... ပြီးတော့ ဘက်ထရီ ကို အား ၁၀၀ ရာခိုင်နှုန်းထိ ဖြည့်ပြီးသွားပြီဆိုရင်လည်း ထပ်ပြီး တော့ မကြာပါစေနဲ့ တခါတည်းဖြုတ်လိုက်ပါ ....
၉။ Screen Timeout ကို အကြာကြီး မထားပါနဲ့ ...
ဒါကတော့ ဖုန်းကို ကိုယ် မသုံးတာနဲ့ တခါတည်း lock လုပ်တာပါ ... Screen ကို ပိတ်လိုက်တာပါ .... တကယ်လို့ lock မလုပ်ချင်ဘူးဆိုရင်လည်း သူ့ရဲ့ Screen Timeout ကို ခပ်နည်းနည်းသာပေးထားလိုက်ပါ ... ( နားလည်မယ်လို့ ယူဆပါတယ် :D )
၁၀။ ဖုန်းလိုင်း သိပ် မမိတဲ့ နေရာတွေ ကိုရှောင်ပါ ...
ဒါကတော့ရှင်းမယ်လို့ထင်ပါတယ် .. ဖုန်းလိုင်း သိပ်မမိတဲ့နေရာမှာ စကားပြောမယ်ဆိုရင် ဧရိယာတိုင် ကို ပြည့်ဖို့အတွက် ၊ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ဖို့အတွက် ဖုန်းက သူ့အလိုလို ဖုန်းလိုင်းကို ရှာရပါတယ် .. အဲ့တော့ မလိုအပ်ပဲ အားကုန် သွားတတ်ပါတယ် ...
credit; လုလင်ပျို
အားလုံးအဆင် ချောပါစေ.................။
www.mrokhamiityouthgroup.blogspot.com
Subscribe to:
Post Comments (Atom)
Search
Popular Posts
Recent Posts
Categories
Sample Text
Blog Archive
-
▼
2014
(62)
-
▼
January
(58)
- Android Device တွေကို Error ကင်းအောင် ရိုးရိုးလေးန...
- Bluetooth လို့ခေါ်ရခြင်း အကြောင်း
- Netguide Journal Vol (3), Issue (21) (29.1.14)
- EMMC ဆိုတာဘာလဲ
- Facebook Chat Box မှာ Auto Reply ဖြစ်အောင် လုပ်နည်း
- အင်တာနက်ပေါ်မှာမြန်မာစာ အတုံးဖြေရှင်းပေးမည့် .APK (...
- စက်ရုက်ပေါ်မှာ Player ကောင်းကောင်းသုံးချင်တဲ့သူများ...
- Slash HD Free- 7-v1.06.APK
- ဖုန်းထဲမှာ အရပ်ဒေသကြည့်လို့ရမည့် ( compass 1.v1.0....
- ATM အီလက်ထရောနစ် နည်းပညာ ငွေထုတ်စက်အကြောင်း သိကောင...
- CDMA အကြာင်း သိကောင်းစရာ
- ပန်းအိုးလှလှလေးတွေဖန်တီးနိုင်မယ့် - Let’s Create! ...
- Facebook Account အသစ် ၁ ခု ကို ဖုန်းနံပါတ်မလိုပဲဖွ...
- MOBILE PHONE နည်းပညာ ဆိုင်ရာ စာအုပ် ၆ အုပ်
- အမှန်ကန်ဆုံး Ojooo (အိုဂျိုး) မှာ ၀င်ငွေရှာကြည့်ခြ...
- ကွန်ပြူတာအဘိဓါန် v1.0 apk for Android
- စက်ရုက်ပေါ်မှာ ဆိုင်ကယ်မောင်းချင်တဲ့ သူများအတွက် ( ...
- လေလုံးလေးတွေကို စီကာ ပစ်ကြမယ် Shoot Bubble Deluxe ...
- ဖုန်းမှာ Application တွေကို lock ချဖို့အတွက် Super...
- NetGuide Vol 3 Issue 20
- CCleaner 4.10.4570 Free/Business/Professional + Po...
- Mojosoft Photo Calendar Studio 2014 v1.16 + Serial...
- ဖုန်းထဲမှာ ငါးမွေးကန်လေး လုပ်ထားမယ် ( koi free fis...
- Myanmar Bible v1.1.apk
- ဖုန်း system တစ်ခုလုံးကို backup & restore လုပ်လို...
- ဖုန်းထဲမှာ မြန်မာ ပြက္ခဒိန် ကြည့်လို့ရတဲ့ Myanmar C...
- Facebook v7.0.0.0.1 APK (နောက်ဆုံးထွက် Version)
- ဖုန်းတစ်လုံးမှာမရှိမဖြစ် စွယ်စုံသုံး - Advanced Mo...
- ဖုန်းထဲမှာ Game တွေပျော်,ပျော်ကြီး ဒေါင်းရအောင် ( ...
- ဖုန်းထဲကနေ ကမ္ဘာပတ်ရအောင် ( Google earth v7.1.3.125...
- Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှ...
- အင်တာနက်ဂျာနယ် Vol 15 No
- Mobile Guide Journal Issue 138
- ဖေ့စ်ဘုတ် အသုံးပြုးနည်းစာအုပ်.pdf
- MTK Android Device ဆိုတာ ဘာလဲ ?
- Google Play Store က App တွေကို Google Chrome နဲ့ေ...
- Android ဖုန်း အသစ်ဝယ်တော့မယ်ဆိုရင်
- ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်
- ဦးပေါ်ဦးနှင့်လှတောသား (ဦးလှအောင်) စာအုပ်
- 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၄၅
- MP3 Cutter& Rington Maker v1.9.APK
- မြန်မာ online TV .apk
- အင်္ဂံလိပ်-မြန်မာ အဘိဓာန် PlanetDictionary-5-v1.4.APK
- Sonic Dash v1.9.1 Mod Apk (Game Android) 45Mb !!!
- မောင်ပေါ်ထွန်း ရဲ့ အမြန်ဆုံး သူဌေးဖြစ်နည်း
- App တခု့ချင်း စီကို သူများမဖွင့်နိုင်အောင် လော့ချဖ...
- စက်ရုပ်အက်ရှင်ဂိမ်း - RoboCop™ v1.0.3 [Money Mod] ...
- ဘိလိယက်ဝါသနာရှင်များအတွက် - Pool Break Pro v2.3.5 Apk
- ဓါတ်ပုံများကို အလှပဆုံးပြုပြင်နိုင်တဲ့ - PhotoSuit...
- နောက်ဆုံးထွက် Movie တွေကို တိုက်ရိုက်ကြည့်နိုင်မည်...
- Play Store ထဲက ဆော့ဝဲတွေကို ကွန်ပျုတာကနေ အလွယ်တကူ ...
- ကွန်ပျုတာမြန်အောင်လုပ်သောနည်းလမ်းကောင်း
- ✔အင်တာနက်သုံးစွဲခြင်း၏အကျိုးကျေးဇူးနှင့်အန္တရယ်အကြေ...
- Phone ရဲ့ Battery ကြာကြာသုံးနိုင်ဖို့
- ဖုန်း ရေထဲကျပါက/ရေစိုပါက လိုက်နာရမည့် အချက်များ......
- Android အတွက် သင်ခန်းစာ (၂)
- Android အတွက် သင်ခန်းစာ (၁)
- ပြုလုပ်ပြီးသား new facebook အကောင့် ကို locked မဖြ...
-
▼
January
(58)
Powered by Blogger.





0 comments:
Post a Comment
အဆင်မပြေမူတွေ ရှိခဲ့လျင် comment ရေးထားခဲ့ပါ..